ဦးမင်းကို - ခရိုင်အုပ်ချုပ်ရေးမှူး
ဦးမင်းကို - ခရိုင်အုပ်ချုပ်ရေးမှူး
ဦးမင်းကိုသည် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ရာထူးဖြင့် တာချီလိတ်ခရိုင်အထွေထွေအုပ်ရေးမှူး ( ခရိုင်အုပ်ချုပ်ရေးမှူး ) တာဝန်ကို ၂၀၂၃ခုနှစ် တွင် တာဝန်ကျပြီးနောက် ၂၀၂၅ခုနှစ် မတ်လ(၁၁)ရက်နေ့တွင် တာချီလိတ်ကနေ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းရွှေ့ရသည်။
တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် ကာလသည် နိုင်ငံ့အာဏာသိမ်းခံထားရသည့် ကာလဖြစ်ပြီး ဒေသအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့ခြင်း မရှိဘဲ ပုံမှန်အတိုင်းသာ တာဝန်ထမ်းဆောင်ခဲ့သည်။
သို့သော်လည်း ၎င်းသည်နဂါးနှစ်ကောင်ဆရာတော်၏ ဈာပန နှင့် တာချီလိတ်ဒေသအတွင်း လူပေါင်း (၂၀)ဝန်းကျင် သေဆုံးခဲ့ရသည့် ရေကြီးရေလျှံမှုများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဆောင်ရွက်ပေးခဲ့ခြင်းကြောင့်ဟုဆိုကာ ခရိုင်စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု(တတိယအဆင့်)ဖြစ်သည့် စီမံထူးချွန်ဆု(တတိယ)အဆင့် ဆုကိုလည်း ရှမ်းပြည်နယ်အစိုးရက ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့က ပေးအပ်သည်။
၎င်းသည် မြေယာကိစ္စများနှင့် လုပ်ငန်းရှင်များထံက ငွေကြေးအမြောက်အများတောင်းသူ၏ နာမည်ဆိုးထွက်ပေါ်ခဲ့ပြီး ၎င်း၏ လက်အောက်ငယ်သား ဝန်ထမ်းများအပေါ်လည်း ဖိအားပေးစနစ်ဖြင့် အုပ်ချုပ်သည်။
တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် သက်တမ်းအားဖြစ် (၁)နှစ်ကျော် (၂)နှစ်နီးပါးသာ တာဝန်ထမ်းဆောင်ခဲ့ရပြီး ယခင် ခရိုင်အုပ်ချုပ်ရေးမှူးများထက် သက်တမ်းတိုသူ ဖြစ်သည်။