ဦးတင်ဝင်းရွှေ - ခရိုင်အုပ်ချုပ်ရေးမှူး
အမည်။ ။ ဦးတင်ဝင်းရွှေ
မွေးသက္ကရာဇ်။ ။
ဇာတိ ။ ။
ပညာအရည်အချင်း။ ။
ဇနီး။ ။ ဒေါ်ဝင်းဝင်းသန့်
သားသမီး။ ။ သား(၁)ယောက်၊ သမီး(၁)ယောက်
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ရာထူးဖြင့် တာချီလိတ်ခရိုင်အထွေထွေအုပ်ရေးမှူး ( ခရိုင်အုပ်ချုပ်ရေးမှူး ) တာဝန်ကို ၂၀၁၄ခုနှစ် ဧပြီလ (၂၇)ရက်နေ့မှ ယနေ့အထိ တာဝန်ထမ်းဆောင်လျှက်ရှိသည်။
၎င်း၏ လက်ထက်တွင် တာချီလိတ်၌ ကြီးမားဆုံး ပြောင်းလဲမှုအဖြစ် မြန်မာ - ထိုင်း နယ်နိမိတ်အကြား မဖယ်ရှားနိုင်ခဲ့သော ရေတား (၃)ခုကို ဖယ်ရှားပေးနိုင်ခဲ့သည့်အတွက် နှစ်စဉ် ကြီးမားသည့် ရေကြီးရေလျှံမှုကို လျော့နည်းစေခဲ့သည်။
ဌာနဆိုင်ရာ ဝန်ထမ်းရေးရာနှင့် ပတ်သက်၍ စည်းကမ်းတင်းကြပ်သူဖြစ်သည်။ ဒေသခံများမှ ဒေသအတွက် လိုအပ်ချက်များကို နှုတ်ဖြင့်လည်းကောင်း၊ စာဖြင့် လည်းကောင်း တင်ပြလာပါက ရက်(၃၀)ထက် မကျော်ဘဲ ဆောင်ရွက်ပေးတတ်သူဖြစ်ကြောင်း ဒေသခံများ၏ မှတ်ချက်ပြုခြင်းကို ခံထားရသူဖြစ်သည်။
တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေသည် ၂၀၁၄ခုနှစ် ဧပြီလ (၂၇)ရက်နေ့က တာချီလိတ်တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး တာချီလိတ်မှာပဲ ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးခံရသူဖြစ်ပြီး ၂၀၁၈ခုနှစ် ဧပြီလ(၃၀)ရက်နေ့မှာ မကွေးတိုင်းဒေသကြီးရဲ့ ညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွေ့တာဝန်ပေးကြောင်း ပြည်ထဲရေးက ထုတ်ပြန်ထားတာဖြစ်သည်။
တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၏ လက်ထက်မှာ တာချီလိတ်ရဲ့ ပြောင်းလဲမှုများစွာထဲက အကြီးမားဆုံးတစ်ခုက နယ်စပ်ချောင်းလယ်ထဲက ရေတားတွေကို အောင်မြင်စွာ ဖျက်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
( ဆက်လက်ဖြည့်စွက်သွားပါမည်။)