အောက်ဖော်ပြပါ စာပိုဒ်သည် နောက်ဆုံး ဖော်ပြထားသည့် အချက်အလက်ဖြစ်ပြီး၊ ဆက်လက်၍ သိရှိလိုသည့် အချက်အလက်များကို အောက်တွင်ပေးထားသည့် Search တွင် စာလုံးပေါင်း မှန်စွာရိုက်၍ ရှာဖွေနိုင်မည်ဖြစ်ပါသည်။

ကမ္ဘာ့သမိုင်းဝင် မြန်မာနှင့် ထိုင်း တိုက်ပွဲဖြစ်ပွားရသော အကြောင်းအရင်း ( O7 )


ကမ္ဘာ့သမိုင်းဝင် မြန်မာနှင့် ထိုင်း တိုက်ပွဲဖြစ်ပွားရသော အကြောင်းအရင်း
••••••••••••••••••••••••••••••••••••••••••
အမှတ်(၃၅၉)ခြေမြန်တပ်ရင်းမှ ဒုအရာခံဗိုလ် ကျော်ဌေးဦးစီး အင်အား(၁၀)ဦးနေရာယူထားသော(အို-၇)တောင်ကုန်းအား ယိုးဒယား တပ်မှတပ်ကြပ်ကြီးအဆင့်ရှိသူ ဦးစီး (၂၀)ဦးခန့်မှ နေရာယူတပ်စွဲရန်လာရောက်စဉ်မိမိတပ်မှ မြန်မာ့ပိုင်နက်ဖြစ်ကြောင်း ပြန်လည်ပြောဆို မောင်းထုတ်ရာမှ ပြန်မဆုတ်ပဲ စခန်းကုန်းရှေ့ ကိုက်(၂၀၀)ခန့်တွင်တပ်စွဲထားပြီး (၇-၁-၂၀၀၁)ရက်နေ့တွင် ယိုးဒယားတပ်မှ ဗိုလ်ကြီး ယိုးထင်ဦးစီးအင်အား(၄၀) ယောက်မှရောက်ရှိပီး ကုန်းမှဖယ်ပေးရန်ပြောကြားမှု့ကြောင့် ခမရ(၃၅၉) တပ်ခွဲ(၂) တပ်စု(၄)အားဖြည့်တင်း လုံခြုံရေးဆောင်ရွက်ခဲ့ပါသည်။ ယိုးဒယား တပ်မတော်မှ ခြေလျင်စစ်သည်(၁၀၀) COMMANDO သံချပ်ကာ(၂)စီး M-60 တင့် ၄စီး ၁၂၀ မမယာဉ်တင်စိန်ပြောင်း၂ လက်ထပ်မံရောက်ရှိလာမှု့ နှစ်နိုင်ငံနယ်ခြားပြဿနာ စတင်ဖြစ်ပွားခဲ့ရပါသည်။

နယ်မြေအခြေအနေ
••••••••••••••••••••••
မြန်မာ့တပ်မတော်မှ တရုတ်ဖြူအားတိုက်ခိုက်စဉ် အိုတောင်ကုန်းအား (OBJECTIVE-7)ဟုသတ်မှတ်ရာမှ အို-၇ ဟု ခေါ်တွင်ခဲ့ပြီးထိုတောင်ကုန်းအနီးတွင် ဦးကုသလသီတင်းသုံးသည့် ဘုန်းကြီးကျောင်းရှိသည်။ အို-၇တောင်ကုန်းသည်တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အနီးတွင်တည်ရှိပါသည်။ စခန်းကုန်း၏ အရှေ့မြောက်(၂၅၀၀)ကိုက်အကွာတွင် တဘက်နိုင်ငံမယ်ဆိုင်မြို့ရှိပြီး လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်ပါသည်။

တိုက်ပွဲတွင်ပါဝင်သောတပ်များ
•••••••••••••••••••••••••••••••••
ရန်သူ့ ယိုးဒယားတပ် တိုင်း(၃)လက်အောက်ခံ ခြေလျှင်တပ်(၃၀၀)၊ M-60 MBT (၃)စီး၊ Stringary ligt tank (၂)စီး၊ Commando သံချပ်ကာယာဉ်(၅)စီး MLRS (၃)စီး၊ ၁၂၀မမ ယာဉ်တင်စိန်ပြောင်း (၅)လက်၊ ၆၀မမ (၄)လက်၊ RPG(၁၂)လက် ၊ ၅စက်သေနက်ကြီး (၆)လက်ပါရှိပါသည်။

မြန်မာ့တပ်မတော်အနေဖြင့် ခမရ(၃၅၉) မှ စစ်ကြောင်း(၂) တပ်စု(၈)စု အင်အား (၂၂၀) ၈၁မမစိန်ပြောင်း (၂)လက် MA-7 (၂)လက် BA-103 လောင်ချာ(၂)လက်၊ MG-3 စက်လက်(၂)လက် နှင့် ပစ်ကူအနေဖြင့် အမှတ်(၀၇၉)အမြောက်တပ်ခွဲမှ (၁၂၀)မမစိန်ပြောင်း (၃)လက် နမ့်စန်လေတပ်စခန်းဌာနချုပ်မှ SUPER GALAP G-4 မြေပြင်တိုက်ခိုက်ရေး လေယာဉ်(၄)စီးပါဝင်ခဲ့ပါသည်။

ကွပ်ကဲမှု့
••••••••••
အို-၇ တောင်ကုန်းတိုက်ပွဲဖြစ်စဉ်အား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သိန်းစိန် (ယခင်နိုင်ငံတော်သမ္မတကြီး) သည် အနီးကပ်ကွပ်ကဲခဲ့သည်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် မိုင်းဖြတ်မှ စစိဦးစီးမှူး(ပထမတန်း) ဒုဗိုလ်မှူးကြီးတင်မောင်ဝင်းသည် လွယ်မဆုတ်၊ လွယ်ခန်းကျုံ၊ ကျတီးနားဂွင်အတွင်းရှိ တပ်ရင်းများအားကွပ်ကဲခဲ့သည်။ ရန်သူယိုးဒယားတပ်မတော်မှ အမှတ်(၃) စစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝပ်တနာချိုင်ချိုင်းမြွန်ဝုန်သည် မယ်ဆိုင်တွင်အခြေပြု ကွပ်ကဲခဲ့သည်။

တိုက်ပွဲဖြစ်စဉ်အဆင့်ဆင့်
•••••••••••••••••••••••••••
၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့ (၀၅း၁၅)နာရီခန့်တွင်ယိုးဒယား တပ်ကင်းနေရာမှ လက်နက်ငယ်ဖြင့်စတင်ပစ်ခတ်ခဲ့သည်။ အမှတ်(၃၅၉)ခြေမြန်တပ်ရင်း ခံစစ်စည်းရိုးရှေ့ ကိုက်(၃၀)ခန့်အကွာသက်ကယ်တောအတွင်း ယိုးဒယားတပ်အင်အား (၂၀)ခန့် ရောက်ရှိလျှက်ရှိကြောင်းတွေ့ရှိရသဖြင့် ရန်သူအားလက်နက်ငယ်ဖြင့် ချက်ချင်းပြန်လည်ပစ်ခတ်ခဲ့သည်။တစ်ချိန်တည်းမှာပင် ရန်သူမှ ဗိုလ်ကြီးစောနိုင်ဦး ဦးစီးခွဲ (၄)နေရာယူထားသည့် အို-၇ ပွိုင့်ကုန်းအား၎င်းတို့နှင့်မျက်နှာချင်းဆိုင် ကိုက်(၂၀၀)အကွာရှိကျောက်တောင်ကုန်းမှ လက်နက်ငယ် စက်လက် ဒသမ၅စက်သေနတ်ကြီးတို့ဖြင့် စတင်ပစ်ခတ်သဖြင့် မိမိမှ လက်နက်ငယ် ဘီအေ-၁၀၀များဖြင့် ပြန်လည်စုပြုံပစ်ခတ်စေခဲ့သဖြင့် ရန်သူသည်ရည်မှန်းချက်မအောင်ပဲ အထိနာစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ဗိုလ်ကြီးစောနိုင်ဦး ဦးစီးသည့် အို-၇ တောင်ကုန်းအား (၀၆း၃၀)နာရီခန့်မှစပြီး ယိုးဒယား တပ်မှလက်နက်ကြီးဖြင့် အချက်(၄၀)ပစ်ခတ်ခဲ့ရာ(ဝရး၃၀)နာရီတွင် အပစ်ရပ်သွားပြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားကြောင်းသတင်းရရှိသည်နှင့် ခမရ(၃၅၉) ရှိဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးစိုးဇော်ဦးစီးစစ်ကြောင်း(၂)နှင့် ဗိုလ်စောဝင်းတင်ဦးစီး တပ်ခွဲ(၁)ခွဲ တို့သည်တပ်ရင်းဌာနချုပ်မှ (၀၅း၅၀)နာရီတွင်ထွက်ခွာခဲ့ရာ အို-၇တေယင်ကုန်းသို့ (ဝရး၀၀) နာရီတွင်ရောက်ရှိပီး ဒုအရာခံဗိုလ်ကြည်မြင့် ဦးစီး ခွဲ(၁)စု(၁)စု အားချက်ျခင်းအားဖြည့်တင်းစေခဲ့ပီးရန်သူ့နေရာများပစ်ကုပေးတိုက်ခိုက်ခဲ့သည်။ ဒဏ်ရာရသောစစ်သည်များအား တောင်ကုန်းအောက်ခြေ ပုန်းထွန်ပူးပေါင်းဂိတ်သို့ (၀၈း၃၀)နာရီတင်သွားရောက်ပို့ဆောင်နိုင်ခဲ့သည်။ (၀၉း၁၅)ချိန်တွင်ရင်ဆိုင်ကုန်းများသို့ရန်သူ့ COMMANDOသံချပ်ကာ(၅)စီးနှင့် ထရပ်ကားဖြင့်တင်ဆောင်လာသောယိုးဒယားရိန်းဂျား စစ်သည် (၂၀၀)ခန့်ရောက်ရှိ အင်အားဖြည့်တင်းလာခဲ့သည်။ ၎င်းအပြင်အရှေ့တောင်ဘက် တောင်ခြေတွင်လည်း တင့် (၃)စီးနှင့် ရန်သူ့စစ်သည်(၆၀)ဦး ထပ်မံရောက်ရှိလာသည်ကို တွေ့ရှိရသဖြင့် အထက်ဌာနသို့သတင်းပို့ခဲ့ရာ နမ့်စန်လေတပ်စခန်း ဌာနချုပ်ရှိ G-4 တိုက်လေယာဉ်များ အသင့်ပြင်ဆင်ထားရှိခဲ့သည်။

ထို့နောက် (၁၀း၁၀)ချိန် ရန်သူလက်နက်ငယ် လက်နက်ကြီးပစ်ခတ်သံများ ကျဲပါးသွားသဖြင့် အို-၇ ခံစစ်ကုန်းအား လူနှင့် လက်နက်များနေရာချထားခြင်း အမ်အေ-၇နှင့် ၈၁မမစိန်ပြောင်းအား မြောက်ဘက်ဆင်ခြေလျောနေရာတွင် နေရာချထားခြင်း လိုအပ်သည့် ခဲယမ်းနှင့် ရေများ ပြန်လည်ဖြည့်တင်းခဲ့ပါသည်။ (၁၃း၀၀)ချိန်တွင် ယိုးဒယားတပ်မှစတင်ကာ အမြောက် တင့်ကား လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်လာသဖြင့် ဗိုလ်ကြီးစောနိုင်ဦးနှင့် ဗိုလ်စောတင်ဝင်းနေရာယူထားစေသော ခံစစ်နေရာများသို့ များစွာကျရောက်ပေါက်ကွဲခဲ့သည်။ (၁၃း၁၅)အချိန်တွင် ဗိုလ်နေမျိုးရှေ့ရင်ဆိုင်ကုန်းမှ ယိုးဒယားတပ်အင်အား (၁၀၀)ခန့်တိုက်ခိုက်လာသဖြင့် မိမိမှ ဘီအေ-၁၀၀ စက်လက် များဖြင့် ပစ်ခတ်ရာ (၁၃း၄၀)အချိန်တွင် ရန်သူများ၎င်းတို့အနောက်ဘက်ဆင်ခြေလျောရှိ လိုင်ချီးခင်းမျ်းဘက်သို့ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။ ထိုအချိန်မှစ ပြီးရန်သူသည် တက်ရောက်တိုက်ခိုက်ခြင်းမရှိပဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာမိမိအမြောက်တပ်မှ (၁၅း၁၅)အချိန်တွင်ယိုးဒယားလက်နက်ကြီးနေရာများသို့ (၁၂၀)မမ စိန်ပြောင်းကြီးဖြင့် (၁၀၀)ချက်ပစ်ခတ်ခဲ့သည်။ (၁၆း၀၀)နာရီတွင် တပ်မတော်(လေ)G-4 တိုက်လေယာဉ်(၄)စီးမှ (၁ရး၀၀)အချိန်ထိ ရန်သူ့ လက်နက်ကြီးနှင့် အခြေခံ နေရာများ အားပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယိုးဒယားတပ်များမှ (၁၉း၀၀)နာရီတွင်ပြန်လည်ဆုတ်ခွာသွားရာ တိုက်ပွဲပြီးဆုံးခဲ့သည်။

တိုက်ပွဲအရှုံးအမြတ်
•••••••••••••••••••••
ရန်သူ (၆၀) ဦးအလောင်းရရှိ ၊ ရန်သူ့ထံမှအောက် ပါလက်နက်များရရှိခဲ့-
(၁) အမ်-၂၇ စက်လက်(၆)လက်။
(၂)အမ်-၁၆ (၃၂)လက်။
(၃) ၄၀မမလောင်ချာ (၅)လက်။
(၄) ဓာတ်ငွေ့ကာမျက်နှာဖုံး (၃၂)ခု။
(၅) ဆက်သွယ်ရေးစက် (၇)လုံး။
(၆)ဟမ်းဗီးကွပ်ကဲမှုယာဉ်(၁)စီး။

မိမိတပ်မှကျဆုံး(၁၅)ဦး ဒဏ်ရာရ(၁၂)ဦး ရန်သူ့ဘက်မှပစ်ခတ်သော ကြောင့်တာချီလိတ်မြို့ မှပြည်သူ (၃)ဦးသေဆုံး (၁၅)ဦးဒဏ်ရာရရှိခဲ့သည်။

စွမ်းစွမ်းတမံဆောင်ရွက်မှု့
••••••••••••••••••••••••••••
တိုက်ပွဲတွင်အသက်ကိုပဓာနမထားပဲ ရွပ်ရွပ်ချွန်ချွန တိုင်းပြည်အတွက် အတွက်တိုက်ပွဲဝင်ခဲ့သော အောက်ပါအရာရှိ/စစ်သည်များအား ဆုတံဆိပ်များချီးမြှင့်ခဲ့ပါသည်-
(၁)သူရဘွဲ့

ကြည်း ၂၆၈၅၉ ဗိုလ်ကြီး စောနိုင်ဦး
ကြည်း ၃၁၂၇၈ ဗိုလ် နေမျိုး
အမှတ် ၉၅၇၃၁၅ တပ်သားမောင်စိုး
သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် အရာရှိ(၂)ဦး စစ်သည်(၇)ဦးရရှိခဲ့ပါသည်။

ထိုတိုက်ပွဲသည် ကမ္ဘာသမိုင်းဝင်ခဲ့သော မြန်မာနှင့် ယိုးဒယား ၂၁ရာစု တိုက်ပွဲဖြစ်လေသည်။

သိုက်ဖွား
.

အညွှန်းများ

AAC BOT DKBA FED IRRC KIO KNO KNPP KNU KWAT KYO NLD O7 PNLO PNO RANIR RCSS/SSA Shanstate SNDP SNLD SWAN TACDB Tachileik UNFC UNODC USDP WPN ကချင် ကညန ကျားဖြူ ကျိုင်းတုံ ကွန်ယက် ကားဂိတ် ချစ်ကြည်ရေးအမှတ်(၁)တံတား ခရိုင်အုပ်ချုပ်ရေးမှူး ငလျင် စည်ပင် စီးပွားရေး ဆက်သွယ်ရန် ဆန္ဒပြပွဲ ဆား ဈေး ဌာနဆိုင်ရာ တံတား(၁) တာချီလိတ် တာချီလိတ်နာရေးကူညီမှုအသင်း တာဝန် တောင်ကြီး ဒို့ညီနောင် ဒုက္ခသည်စခန်း ဓနု နိုင်ငံရေးရာ ပင်လုံ ပညာရေး ပြည်နယ် ပလဆ ပါတီနိုင်ငံရေး ပုဂ္ဂိုလ် ဖုန်းနံပါတ်များ ဘဏ် မကွေး မြန်မာ-ထိုင်း မြို့နယ်အုပ်ချုပ်ရေးမှူး မှတ်တမ်း မိုင်းဆတ် ရွေးကောက်ပွဲကော်မရှင် ရှမ်းမြောက် ရဲ လွှတ်တော် ကိုယ်စားလှယ် လုပ်ငန်းတာဝန် လုပ်ငန်းရှင်များ လူမှုရေး လူ့အခွင့်အရေး ဝန်ကြီး ဝန်ထမ်း ရေးရာ သဘာဝဘေး သမိုင်း သမ္မတ သုတ ဟိုတယ် ဟိုတယ်ခရီး အချက်အလက် အစိုးရ အဆိုတော် အထွေထွေ အရေအတွက် အသင်း အဖွဲ့ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း