အောက်ဖော်ပြပါ စာပိုဒ်သည် နောက်ဆုံး ဖော်ပြထားသည့် အချက်အလက်ဖြစ်ပြီး၊ ဆက်လက်၍ သိရှိလိုသည့် အချက်အလက်များကို အောက်တွင်ပေးထားသည့် Search တွင် စာလုံးပေါင်း မှန်စွာရိုက်၍ ရှာဖွေနိုင်မည်ဖြစ်ပါသည်။

ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ( ကညန )



ဌာန၏ အ‌ကြောင်း
မြန်မာနိုင်ငံ အတွင်းသို့ မော်တော်ယာဉ်များ ရောက်ရှိလာသည်နှင့် အညီ မော်တော်ယာဉ်နှင့် ယာဉ်သွား လာမှု ဆိုင်ရာများအား ကြီးကြပ်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မှတ်ပုံတင် လုပ်ငန်းကို ဆောင်ရွက်ရန် လိုအပ်ခဲ့ပါသည်။ ထို့ကြောင့် ၁၉၆၃ခုနှစ် စက်တင်ဘာလ(၁)ရက် နေ့တွင်"ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူ ပို့ဆောင်ရေး အာဏာပိုင် အဖွဲ့"ကဖွဲ့စည်းခဲ့သည်။
၁၉၇၂ခုနှစ်၊ မတ်လတွင် သယ်ယူ ပို့ဆောင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဌာနကို "ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန"ဟု ပြောင်းလဲခေါ်ဝေါ် သတ်မှတ်ခဲ့သည်။ ကုန်းလမ်းနှင့်ပြည်တွင်း ရေကြောင်းအာဏာပိုင်အဖွဲ့ သည်လည်း "ကုန်းလမ်း ပို့ဆောင် ရေးညွှန်ကြားမှု ဦးစီး ဌာန" အမည်သို့ ပြောင်းလဲလာခဲ့ပြီး ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီး ဌာန တစ်ခု ဖြစ်လာခဲ့ပါသည်။၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလတွင် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဌာနကို ပို့ဆောင်ရေး ဝန်ကြီး ဌာန၊ရထား ပို့ဆောင် ရေး ဝန်ကြီး ဌာနနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီး ဌာန ဟူ၍ ဝန်ကြီး ဌာန (၃)ခုခွဲ၍ ပြန်လည်ဖွဲ့စည်း ပေးခဲ့ပြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနသည် ရထား ပို့ဆောင်ရေး ဝန်ကြီး ဌာန အောက်တွင် ပါဝင် လာခဲ့သည်။
ဌာန၏ ဖွဲ့စည်းပုံ
ဤဦးစီး ဌာန၏ ဖွဲ့စည်းပုံမှာ အရာထမ်း(၂၈၀)ဦး၊ အမှုထမ်း(၂၇၁၀)ဦး၊ စုစုပေါင်း (၂၉၉၀)ဦးဖြစ်ပြီး၊ လက်ရှိ အရာထမ်း(၁၅၂)ဦး၊ အမှုထမ်း(၁၃၅၃)ဦး၊ စုစုပေါင်း (၁၅၀၅)ဦးဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
ရုံးများ ဖွဲ့စည်းပုံ
(၁)     ရုံးချုပ်                                (၁)ရုံး
(၂)     နေပြည်တော်ရုံး                     (၁)ရုံး
(၃)     ပြည်နယ်/တိုင်းဒေသကြီးရုံး        (၁၄)ရုံး
(၄)     တိုင်းဒေသကြီးရုံးခွဲ                  (၁)ရုံး
(၅)     တွဲဘက်ပြည်နယ်ရုံး                 (၂)ရုံး
(၆)     ပြည်နယ်ရုံးခွဲ                         (၁)ရုံး
(၇)     ခရိုင်ရုံး                                (၃၅)ရုံး
          စုစုပေါင်း                             (၅၅)ရုံး    
 
ရည်ရွယ်ချက်နှင့်တာဝန်များ
ရည်မှန်းချက်
ဤဦးစီးဌာန၏ အဓိက ရည်မှန်းချက် တာဝန်မှာ ယာဉ်အန္တရာယ် ၊လမ်းအန္တရာယ် ကင်းရှင်းရေး (Road Safety) ဖြစ်သည်။
လုပ်ငန်း တာဝန်များ
ဤ ဦးစီး ဌာန၏ လုပ်ငန်း တာဝန် (၄) ရပ်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
(က) အများပြည်သူ ဆိုင်ရာ လမ်းများပေါ်တွင် အသုံးပြုနေသော မော်တော်ယာဉ်များ အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး အတွက် စစ်ဆေးခြင်း၊ ဥပဒေနှင့် အညီ မှတ်ပုံတင်ပေးခြင်း။
(ခ) ယာဉ်မောင်း လိုင်စင်များကို စစ်ဆေးပေးလျက် ဥပဒေနှင့် အညီ ထုတ် ပေးခြင်း။
( ဂ) လမ်း အသုံးပြုသူများ လိုက်နာရမည့် စည်းကမ်းများကို သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်း၍ ထုတ်ပြန်ခြင်း။
(ဃ) နိုင်ငံတော်မှ ရသင့် ရထိုက်သော အခွန် အခများကို ဥပဒေ၊ နည်းဥပဒေ များနှင့် အညီ ကောက်ခံခြင်း။
တိုင်းဒေသကြီး ရုံးခွဲ(ရွာသာကြီး)အကွက် အမှတ်(၁)၊ကရုဏာလမ်း၊(၁၄၁)ရပ်ကွက်၊ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်။
ဖုန်း ၀၁-၅၈၅၀၈၂။

အညွှန်းများ

AAC BOT DKBA FED IRRC KIO KNO KNPP KNU KWAT KYO NLD O7 PNLO PNO RANIR RCSS/SSA Shanstate SNDP SNLD SWAN TACDB Tachileik UNFC UNODC USDP WPN ကချင် ကညန ကျားဖြူ ကျိုင်းတုံ ကွန်ယက် ကားဂိတ် ငလျင် စည်ပင် စီးပွားရေး ဆက်သွယ်ရန် ဆန္ဒပြပွဲ ဆား ဈေး ဌာနဆိုင်ရာ တာချီလိတ် တာချီလိတ်နာရေးကူညီမှုအသင်း တောင်ကြီး ဒို့ညီနောင် ဒုက္ခသည်စခန်း ဓနု နိုင်ငံရေးရာ ပင်လုံ ပညာရေး ပြည်နယ် ပလဆ ပါတီနိုင်ငံရေး ပုဂ္ဂိုလ် ဖုန်းနံပါတ်များ ဘဏ် မကွေး မြန်မာ-ထိုင်း မှတ်တမ်း မိုင်းဆတ် မီဒီယာ ရွေးကောက်ပွဲကော်မရှင် ရှမ်းမြောက် ရဲ လွှတ်တော် ကိုယ်စားလှယ် လုပ်ငန်းရှင်များ လူမှုရေး လူ့အခွင့်အရေး ဝန်ကြီး ဝန်ထမ်း ရေးရာ သဘာဝဘေး သမိုင်း သမ္မတ သျှမ်းသံတော်ဆင့် သုတ ဟိုတယ် ဟိုတယ်ခရီး အစိုးရ အဆိုတော် အထွေထွေ အသင်း အဖွဲ့ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း