မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (တာချီလိတ်ခရိုင်)
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (တာချီလိတ်ခရိုင်)ရုံးခွဲတွင် အလုပ်အမှုဆောင်အဖွဲ့ဝင် နှင့် အသင်းသားဝင် စုစုပေါင်း (၂၁)ဦးရှိရာ ဥက္ကဌ အဖြစ် ဦးမြင့်ဦး(မုတ်ဆိတ်)၊ ဒုတိယဥက္ကဌ(၁) အဖြစ် ဦးထိန်မင်း၊ ဒုတိယဥက္ကဌ(၂) အဖြစ် ဦးအေးချို၊ ဒုတိယဥက္ကဌ(၃) အဖြစ် ကျိုင်းတုံ နည်းပညာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး ကိုယ်စား ဆရာမ ဒေါက်တာဒေါ်နီနီမိုးကျော်၊ အတွင်းရေးမှူး အဖြစ် ဒေါ်ဝေေ၀ကြည်၊ တွဲဖက်အတွင်းရေးမှူး (၁)အဖြစ် ဦးလှမျိုး၊ တွဲဖက်အတွင်းရေးမှူး (၂)အဖြစ် ဦးဇေယျာလင်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးနေဝင်း နှင့် ဒေါ်နှင်းအိဇာ၊ အကျိုးဆောင် စာရင်းစစ်အဖြစ် ဒေါ်ဖြူဖြူအောင် နှင့် ဦးလှမြင့်ထွန်း၊ ပြန်ကြားရေးမှူးအဖြစ် ဦးကောင်းထက်အောင် တို့မှ တာဝန် အသီးသီးရယူပြီး အသင်းဝင်များအဖြစ် ဦးကျော်ကျော်လွင်၊ ဦးမြင့်သိန်းထွန်း၊ ဦးကောင်းဇော်သူ၊ ဦးစောဂျိမ်းကြီးငွေ၊ ဒေါ်စိမ့်စိမ့်ထူး၊ ဒေါ်စုထက်ခင်၊ ဒေါ်သီတာစိုး၊ ဦးအေးချမ်းမိုး၊ ဦးစိုင်းမင်းပြည့်သူ၊ ဦးအောင်သူလင်း နှင့် ဦးကျော်ညီညီထွန်း။
ဖွဲ့စည်းမှု
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ (၈)ခုမြောက်အဖြစ် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(တာချီလိတ်ခရိုင်)ရုံးခွဲကို ၂၀၁၅ခုနှစ် မေလ(၁၆)ရက် နံနက်ပိုင်းက တာချီလိတ်မြို့ရှိ Golden Cherry Hotel တွင် အသင်းသားစုံညီ ညီလာခံပြုလုပ်ပြီး အသင်းအား အောင်မြင်စွာ ဖွဲ့စည်း။