အောက်ဖော်ပြပါ စာပိုဒ်သည် နောက်ဆုံး ဖော်ပြထားသည့် အချက်အလက်ဖြစ်ပြီး၊ ဆက်လက်၍ သိရှိလိုသည့် အချက်အလက်များကို အောက်တွင်ပေးထားသည့် Search တွင် စာလုံးပေါင်း မှန်စွာရိုက်၍ ရှာဖွေနိုင်မည်ဖြစ်ပါသည်။

AAC

LPN ၏ မဟာမိတ်ဖြစ်သော AAC - မဟာမိတ်အဖွဲ့ နှင့် ရွှေပါရမီ ပညာဒါန အဘယ်သို့ လက်တွဲကြမည်နည်း
======================================
ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဖီမြို့၊ ထိုင်ပကန်ရပ်ကွက်ရှိ ရွှေပါရမီ ပညာဒါန - နာရေးကူညီမှုအသင်း(ဘန်ကောက်)၊ ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(၂၇၁)၊ ကွန်ပျူတာ အင်္ဂလိပ်စာ နှင့် ထိုင်းစကားပြောသင်တန်းသည် “ထိုင်းနိုင်ငံ မဟာချိုင် စမွတ်ဆာခွန် အခြေစိုက် LPN- Labour Rights Promotion Network Foundation နှင့် တွဲဘက်၍” တည်ထောင်ဖွင့်လှစ်ခဲ့သည်မှာ ၅ နှစ်ကျော် ၆ နှစ် နီးပါး ရှိလာခဲ့ပေပြီ။ LPN အဖွဲ့ကြီးသည် မြန်မာ လာအို ကမ္ဘောဒီးယား ဗီယက်နာမ် နိုင်ငံများမှ လူမှောင်ခိုများကို ထိထိရောက်ရောက် တားဆီး နှိမ်နှင်းနေသည့် အဖွဲ့ကြီးဖြစ်သလို ထိုင်းရောက် မြန်မာအလုပ်သမားများ၏ သားငယ် သမီးငယ်များအတွက် ပညာရေး လူမှုရေး ကျမ္မာရေး စောင့်ရှောက် ကူညီပေးနေသည့် အဖွဲ့ကြီးလည်း ဖြစ်ပါသည်။ ရွှေပါရမီ ပညာဒါန မှာ ပြသနာတစ်စုံတစ်ရာ ပေါ်လာတိုင်း မဆိုင်းမတွ ချက်ချင်း ကူညီပေးလျက်ရှိပါသည်။
ယခုတစ်ဖန် ထိုင်းနိုင်ငံရောက် ရွှေမြန်မာများအတွက် ကူညီရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ကူညီဆောင်ရွက်နေကြသော ကိုခိုင်ကြီး၊ ကိုနိုင် (LPN)၊ ကိုရဲမင်း (Raks Thai Foundation) တို့ဦးဆောင်သည့် ထိုင်းရောက် မြန်မာအလုပ်သမားများကူညီရေး မဟာမိတ် ကော်မီတီ AAC သည်လည်း LPN အဖွဲ့နှင့် မဟာမိတ်ဖွဲ့ကာ မြန်မာအလုပ်သမားများကို ကူညီစောင့်ရှောက်ပေးလျက် ရှိပါသည်။ AAC မဟာမိတ်အဖွဲ့၏ ကိုယ်ကျိုးမပါ စိတ်စေတနာအပြည့်ဖြင့် ကူညီဆောင်ရွက်ပေးမှုများကြောင့် အကူညီတောင်းခံလာသူများ အလွန်အင်မတန် များလွန်းလာပါ၍ အကူညီတောင်းခံလာသူအားလုံးကို ကူညီချင်ပေမယ့် မကူညီနိုင်ခဲ့ပါပေ။
အခက်ခဲရှိသူ အကူညီတောင်းလာသူအားလုံးကို အချိန်နဲ့တစ်ပြေးညီ ဆက်လက်ကူညီနိုင်ရန်အတွက် AAC မဟာမိတ်အဖွဲ့ခွဲများ လိုအပ်လာပါသည်။ သို့ဖြစ်ပါ၍ စမွတ်ပရာကန်တွင်လည်း ထိထိရောက်ရောက် ကူညီမှုများပေးနိုင်ရန် AAC မဟာမိတ်အဖွဲ့ခွဲကို ဖွဲ့ထားလိုပါကြောင်း AAC မဟာမိတ်အဖွဲ့၏ အကူညီတောင်းခံလာမှုအရ ရွှေပါရမီ ပညာဒါန မှ မျိုးချစ်မြန်မာလူငယ်မောင်မယ်များထဲမှ ဖြစ်စေ အခြားလူမှုကူညီရေးလုပ်ငန်းများကို စိတ်ပါဝင်စားသူများမှဖြစ်စေ AAC မဟာမိတ်အဖွဲ့နှင့်တွဲဘက်၍ လူမှုကူညီရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။
ရုံးခန်းကိုတော့ လက်ရှိ ရွှေပါရမီ ပညာဒါန ကျောင်းတော်တွင်ဖြစ်စေ၊ ရွှေပါရမီ ပညာဒါန တရားပွဲများ ကျင်းပပြုလုပ်နေသည့် နှစ်ထပ်တိုက်စိမ်းတွင်ဖြစ်စေ အသုံးပြုနိုင်ပါသည်။ (လိုအပ်ပါက လုံးချင်းအိမ်ငှားပေးပါမည်) ကူညီရေးလုပ်ငန်းသုံးဖို့ အင်တာနက်နှင့် ကွန်ပျူတာ ပရင်တာ ၁ စုံ ထားပေးမည်ဖြစ်ပြီး သွားရေးလာရေးကုန်ကျငွေများကိုတော့ ‪#‎နာရေးကူညီမှုအသင်း‬(ဘန်ကောက်)၏ ရံပုံငွေများဖြင့် လည်ပတ်ပါမည်။ အသေးစိတ်ကို ယနေ့ ရွှေပါရမီ ပညာဒါန ကျောင်းတော်သို့ ကြွရောက်လာမည့် နာရေးကူညီမှုအသင်း(ဘန်ကောက်)၏ နာယကဆရာတော် အရှင်ဣန္ဒာစာရ အား လျှောက်ကြားပါမည်။
AAC မဟာမိတ်အဖွဲ့ နှင့် တွဲဘက်၍ အလုပ်သမားကူညီရေးလုပ်ငန်းမျာ လုပ်ကိုင်လိုပါက -
ဖုန်းနံပတ်
ဦးခိုင် - (AAC)အဖွဲ့ဒါရိုတ်တာ - 085 341 5611
ကိုရဲမင်း - (ပြန်ကြားရေးနှင့်တာဝန်ခံ) – 086 796 9649
ကိုကိုနိင် - (ကော်မတီဝင်) – 089 411 9044
ရွှေပါရမီ ပညာဒါန - နာရေးကူညီမှုအသင်း(ဘန်ကောက်)
နာယကဆရာတော် အရှင်ဣန္ဒာစာရ (ဖုန်း) 085 179 9037
မျိုးချစ်မြန်မာ ဆရာတော် (ဖုန်း) 087 322 0401
ရွှေပါရမီ ပညာဒါန (ဖုန်း) 02 706 6094

အညွှန်းများ

AAC BOT DKBA FED IRRC KIO KNO KNPP KNU KWAT KYO NLD O7 PNLO PNO RANIR RCSS/SSA Shanstate SNDP SNLD SWAN TACDB Tachileik UNFC UNODC USDP WPN ကချင် ကညန ကျားဖြူ ကျိုင်းတုံ ကွန်ယက် ကားဂိတ် ချစ်ကြည်ရေးအမှတ်(၁)တံတား ခရိုင်အုပ်ချုပ်ရေးမှူး ငလျင် စည်ပင် စီးပွားရေး ဆက်သွယ်ရန် ဆန္ဒပြပွဲ ဆား ဈေး ဌာနဆိုင်ရာ တံတား(၁) တာချီလိတ် တာချီလိတ်နာရေးကူညီမှုအသင်း တာဝန် တောင်ကြီး ဒို့ညီနောင် ဒုက္ခသည်စခန်း ဓနု နိုင်ငံရေးရာ ပင်လုံ ပညာရေး ပြည်နယ် ပလဆ ပါတီနိုင်ငံရေး ပုဂ္ဂိုလ် ဖုန်းနံပါတ်များ ဘဏ် မကွေး မြန်မာ-ထိုင်း မြို့နယ်အုပ်ချုပ်ရေးမှူး မှတ်တမ်း မိုင်းဆတ် ရွေးကောက်ပွဲကော်မရှင် ရှမ်းမြောက် ရဲ လွှတ်တော် ကိုယ်စားလှယ် လုပ်ငန်းတာဝန် လုပ်ငန်းရှင်များ လူမှုရေး လူ့အခွင့်အရေး ဝန်ကြီး ဝန်ထမ်း ရေးရာ သဘာဝဘေး သမိုင်း သမ္မတ သုတ ဟိုတယ် ဟိုတယ်ခရီး အချက်အလက် အစိုးရ အဆိုတော် အထွေထွေ အရေအတွက် အသင်း အဖွဲ့ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း