တာချီလိတ် ဘေးမဲ့တော
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ကျကကျေးရွာ အနီးတွင် တည်ရှိသည့် “ထာဝရ တိရိစ္ဆာန် ဘေးမဲ့လွှတ်တော”အား ပဓာန နာယကဆရာတော်၊ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး နိုင်ငံတော်သြဝါဒ စရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ Honorary Ph.D ဘဒ္ဒန္တ ဓမ္မသီရိ၊ နာယက ဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ၊ မိုင်းလင်း ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ (ထပ်စွမ်ဆိုင့်ဟိုနမ့်)နှင့် ထိုင်ဝမ်ကျွန်း၊ ထိုင်ပေခရိုင် (Life TV ) ဘဝမြှင့်တင်ရေး (ရုပ်/သံလိုင်း) နာယက ဆရာတော် HAI TAO ဆရာတော်တို့အား အမှူးပြု၍ ဇန်နဝါရီလ (၂၁)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ နာယက ဆရာတော်များဖြစ်သည့် မိုင်းဖုန်းဆရာတော် နှင့် ထိုင်ဝမ်ဆရာတော် တို့မှ ကြွရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးတော်မူရာ ဖွင့်ပွဲသို့ အလှူရှင် အသီးသီး နှင့် ဒေသခံ တိုင်းရင်းသားများ စုစုပေါင်း (၂၀၀၀၀)ဝန်းကျင် တက်ရောက်ခဲ့..။